GALLERY & EVENTS

Our Activities

Explore our latest recruitment events, candidate orientation, and overseas career support activities.

4 Photos

Interview Activities

Streamlining our recruitment process through structured online interviews, connecting with skilled professionals, and expanding our team capabilities.

18 Photos

Japan Training Visa ကို ဖျက်သိမ်းပြီး 育成就労(いくせいしゅうろう) Ikusei Shuuroo လို့ခေါ်တဲ့ Visa အသစ်ကိုကျင့်သုံးမည်

ဂျပန်နိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများအား အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု သင်ကြားပေးရန် ရည်ရွယ်ခဲ့သည့် နည်းပညာအလုပ်သင်အစီအစဉ် (技能実習 / Technical Intern Training Program) ကို ဖျက်သိမ်းကာ စနစ်သစ်ဖြင့် အစားထိုးမည့် တရားဝင်ထုတ်ပြန်ချက်တွေ ထွက်ရှိလာပြီဖြစ်ပါတယ်။

စနစ်သစ်ဖြစ်တဲ့ 育成就労 (Ikusei Shūrō / Employment for Skills Development) ကို ၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်အသက်ဝင်စေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိထားပါတယ်။

ဂျပန်နိုင်ငံရဲ့ 技能実習 အစီအစဉ်ဆိုတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အလုပ်သမားတွေကို ဂျပန်သို့ ခေါ်ယူကာ စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် စောင့်ရှောက်ရေးဝန်ဆောင်မှု စသည့်ကဏ္ဍတွေမှာ လက်တွေ့ကျွမ်းကျင်မှု ရရှိစေရန်ခေါ်ယူဖို့ ဆောင်ရွက်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

မူလရည်ရွယ်ချက်မှာ အလုပ်သမားတွေက ဂျပန်နိုင်ငံမှာရရှိတဲ့ ပညာနှင့် အတွေ့အကြုံတွေကို မိမိနိုင်ငံသို့ ပြန်လည်ယူဆောင်ပြီး အသုံးချစေဖို့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအစီအစဉ်ဟာ အလုပ်သမားများအား အလုပ်ပြောင်းရွှေ့ခွင့် ကန့်သတ်ထားခြင်း၊ အလုပ်ရှင်အပေါ် အလွန်အမင်း မှီခိုစေခြင်းနှင့် အလုပ်သမားအမြတ်ထုတ်မှု ဖြစ်နိုင်ခြေရှိခြင်းများကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုများကို နှစ်ရှည်လများ ခံခဲ့ရပါတယ်။

ဒီအခြေအနေတွေကို သုံးသပ်တုံ့ပြန်သည့်အနေနဲ့ ဂျပန်လွှတ်တော်ကနေ ၂၀၂၄ ခုနှစ် ဇွန်လမှာ ပြုပြင်ပြောင်းလဲရေးဥပဒေကို အတည်ပြုခဲ့ပါတယ်။

စနစ်သစ်အောက်မှာ အလုပ်သမားများဟာ တူညီသည့်လုပ်ငန်းကဏ္ဍအတွင်း အကန့်အသတ်ဖြင့် အလုပ်ပြောင်းနိုင်မှာဖြစ်ပြီး၊ အလုပ်သမားအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ပိုမိုတိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ဆိုပါတယ်။

育成就労 စနစ်ဟာ ဂျပန်နိုင်ငံရဲ့ Specified Skilled Worker (特定技能) ဗီဇာလမ်းကြောင်းနှင့်လည်း ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒါကြောင့် 技能実習 အစီအစဉ်တွင် ပါဝင်ဖူးသူများအနေဖြင့် လိုအပ်သောအရည်အချင်းများ ပြည့်မီပါက Specified Skilled Worker ဗီဇာသို့ ပြောင်းလဲကာ ဂျပန်တွင် ပိုမိုပွင့်လင်းသည့် အလုပ်အခြေအနေများအောက်မှာ ဆက်လက်အလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို 育成就労(いくせいしゅうろう) Ikusei Shuuroo နဲ့ အလုပ်သွားဖို့ စဉ်းစားနေသူတွေအနေနဲ့ အစိုးရကနေ တရားဝင်မှတ်ပုံတင်အတည်ပြုထားသော Supervising Organization (監理団体) နှင့် ပို့ဆောင်ရေးအဖွဲ့အစည်းများနဲ့သာ သွားရောက်နိုင်မှာဖြစ်ပါတယ်။

ဒီအတွက် တရားဝင်ပို့ဆောင်ခွင့်ရှိမယ့် မြန်မာလုပ်သားပို့ဆောင်ရေး အေဂျင်စီအမည်စာရင်း (၂၆၂)ခုကို OTIT ကနေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စာချုပ်ပါ လစာ၊ အလုပ်ချိန်၊ နေထိုင်စရိတ်၊ အလုပ်ပြောင်းရွှေ့ခွင့်နှင့် တိုင်ကြားနိုင်သည့် လမ်းကြောင်းများအပါအဝင် မိမိ၏ အလုပ်သမားအခွင့်အရေးများကို ကြိုတင်လေ့လာထားကြဖို့လည်း မဖြစ်မနေ လိုအပ်မှာဖြစ်ပါတယ်။

By Million Dream

Source: https://japan-visa.com/visas/technical-intern